MMIA Logo

Myanmar Mobile Industry Association

မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း

Myanmar Mobile Industry Association (MMIA)

မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်း
09-73192200,09-250087538
hello@mmia.org.mm

မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း အစည်းအဝေး(၂-၂-၂၀၂၆)

Home / News & Updates / Article Detail
MMIA Official News
Press Release
11 April 2026

မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း အစည်းအဝေး(၂-၂-၂၀၂၆)

မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း အစည်းအဝေး(၂-၂-၂၀၂၆)

မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း ( MMIA ) မှ ဥက္ကဌ နှင့် ဗဟိုအလုပ်အမူ့ဆောင်အဖွဲ့ဝင်များ သည် ယနေ့ ညနေ ၆ နာရီခန့်က Myanmar Mobile Second Hand Association မှ ကိုယ်စားလှယ် ဦးဇော်ဇော်နိုင် ပါ အဖွဲ့ဝင် ၇ ဦးအား နေပြည်တော် တွင် လက်ခံတွေ့ဆုံပြီး MMIA သည်

- ကုန်သွယ်ခွန်တံဆိပ်ခေါင်းများအား ဗူးခွန်တွင်ကပ်နှိပ်ရန်တောင်းဆိုခဲ့ပြီး မကြာမှီအချိန်က

- XIAOMI ( PI ) ဖုန်းများ ကုန်သွယ်ခွန်တံဆိပ်ခေါင်းကပ်နှိပ် ဖြန့်ချီရေး တို့ကိုသာ တောင်းဆို ခဲ့ပါကြောင်း

​ဤတောင်းဆိုချက် နှစ်ခုမှအပ

- ဖုန်းပြုပြင်ရေးဝန်ဆောင်မူ့များ

- ဆက်စပ်ပစ္စည်း၊ပြုပြင်ရေးပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းများ

- Second Hand ဟန်းဆက်ရောင်းဝယ်ရေးလုပ်ငန်များနှင့်ပက်သက်၍ မည်သည့်တောင်းဆိုချက်မှ တင်ပြခဲ့ဖူးခြင်းမရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

MMIA သည် ဆက်စပ်ပစ္စည်းနှင့် ဝန်ဆောင်မူ့ လုပ်ငန်းများကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုမည်ဟု မူဝါဒ တစ်ရပ်ချမှတ်ထားသော်လည်း XIAOMI (PI ) ကိစ္စကိုပင်ပြီးမြောက်အောင်တောင်းဆို၍မရဖြစ်နေပါသည်။ သို့ဖြစ်ပါ၍ ယခုလက်ရှိ ဖြစ်ပေါ်နေသော ဖုန်းပြုပြင်ရေးနှင့်Second Hand ဟန်းဆက်များနှင်ပက်သက်၍ အသင်းကြီးမှ တိုင်ကြားသည် ဆိုခြင်းမှာ သတင်းအမှားများသာဖြစ်ပါကြောင်း၊ MMSA မှ ယနေ့လာရောက်တင်ပြသော တောင်းဆိုမူ့များကို ပြည်တွင်းအခွန်များဦးစီးဌာန သို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ပါကြောင်းရင်းနှီးနွေးထွေးပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။

MMIA အသင်းအနေဖြင့် လုပ်ငန်းတူ ညီအကိုများအား အခက်အခဲဖြစ်စေရန်မည်သည့် ဆောင်ရွက်မူ့မှဆောင်ရွက်ထားခြင်းမရှိပါကြောင်းနှင့် သတင်းအမှားများထုတ်လွှင့်မူ့များကို သတိထားနိုင်ရန်ကြေငြာအပ်ပါသည်။

ပြန်ကြားရေးကော်မတီ

Share: