MMIA Official News
Press Releaseအရောင်းဆိုင်များရှိ လက်ကျန် Handset များပေါ်တွင် မှားယွင်းနေသော တံဆိပ်ခေါင်းများနှင့်ပတ်သက်၍ အသိပေးကြေငြာချက်။
အရောင်းဆိုင်များရှိ လက်ကျန် Handset များပေါ်တွင် မှားယွင်းနေသော တံဆိပ်ခေါင်းများနှင့်ပတ်သက်၍ အသိပေးကြေငြာချက်။
-----------------------------------------
( ၁ )MMIA အသင်းဝင်ဆိုင်များရှိ Handset များပေါ်တွင်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်ပတ်သက်၍ အသင်းဝင် ဆိုင်များအနေဖြင့် မိမိတို့လက်ဝယ်တွင်ကျန်ရှိနေသော Handset များပေါ်တွင်
- QR Code မပါသော
- QR ဖတ်မရသော
- ရိုးသားစွာလုပ်ငန်းကွဲလွဲနေသော အခွန်အမှတ်တံဆိပ်များ
အား သက်ဆိုင်ရာ တင်သွင်းဖြန့်ချီသူများမှ စာရင်းကောက်ယူပြီး ပြည်တွင်းအခွန်များဦးစီးဌာန သို့ ပြန်လည်တင်ပြပေးမည်ဖြစ်ပါသည်။
( ၂ )သက်ဆိုင်ရာ တင်သွင်းဖြန့်ချီသူများအနေဖြင့်လည်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီ ဖြစ်ပြီး အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ ဆိုင်သို့ လာရောက် စာရင်းကောက်ယူခြင်းမရှိပါက သက်ဆိုင်ရာ Company ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် နှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဥက္ကဌ များထံ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း အသင်းဝင် ဆိုင်များသို့ အသိပေး အကြောင်းကြားအပ်ပါသည်။
ပြန်ကြားရေးကော်မတီ
( MMIA )