12 September 2019
မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းကို မိုဘိုင်းလုပ်ငန်းရှင်များ၏ ကိုယ်ထူကိုယ်ထအားဖြင့် အချင်းချင်း ရိုင်းပင်းကူညီရန်နှင့် လမ်းညွှန်မှုဖြင့် ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့၌ မိုဘိုင်းလုပ်ငန်းရှင်များဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုမှတဆင့် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် အသင်းခွဲများ ထပ်မံတိုးချဲ့ဖွဲ့စည်းလျက်ရှိပါသည်။
မြန်မာနိုင်ငံမိုဘိုင်းလုပ်ငန်းရှင်များအသင်းသည် အများပြည်သူသို့ ဆက်သွယ်ရေးကွန်ယက်များနှင့် ကိုက်ညီပြီး အသုံးပြုရာတွင် အဆင်ပြေစေသော မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တရားဝင်တင်သွင်းနိုင်ရေး၊ နိုင်ငံတော်အခွန်ငွေ အပြည့်အဝရရှိစေရေးအတွက် ထိန်းကျောင်းပေးမည့် အဖွဲ့အစည်းအဖြစ် ထိပ်ဆုံးမှ ဦးဆောင်သွားပါမည်။
မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းလုပ်ငန်းများအားလုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အချင်းချင်း အားပေးကူညီပြီး နည်းပညာရပ်ဆိုင်ရာပညာများ ဖြန့်ဝေပေးကာ အားလုံးပါဝင်နိုင်သည့် စည်းလုံးညီညွတ်သော မိုဘိုင်းစျေးကွက်တစ်ခု ဖန်တီးတည်ဆောက်သွားမည်။
(၁) အသင်းဝင်အားလုံးသည် မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းလုပ်ငန်းများအားလုံး၏ ဝန်ဆောင်မှုများနှင့် အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်ရန် အတူတကွ ဆောင်ရွက်သွားပါမည်။
(၂) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာမရွေး နိုင်ငံတကာအဆင့်မီ နည်းပညာပစ္စည်းများ အသုံးပြုနိုင်ရန် ဆောင်ရွက်မည်။
(၃) နိုင်ငံတကာ မိုဘိုင်းအသင်းအဖွဲ့များနှင့် အဆက်အသွယ် ပြုလုပ်ကာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်အောင် လုပ်ဆောင်သွားပါမည်။
(၄) မှောင်ခိုမိုဘိုင်းပစ္စည်းများ တားဆီးကာကွယ်ရေးနှင့် ဥပဒေနှင့်အညီ တရားဝင် ကုန်သွယ်မှုပြုလုပ်ခြင်းများကို ဦးစားပေး လုပ်ဆောင်သွားပါမည်။